Telenor အိမ်သုံးဖိုင်ဘာ အင်တာနက် ဝန်ဆောင်မှု၏ စည်းကမ်းသတ်မှတ်ချက်များ

လူကြီးမင်းတို့၏ အင်တာနက်လိုအပ်ချက်အတွက် Telenor ၏ မြန်နှုန်းမြင့် Broadband အင်တာနက် ၀န်ဆောင်မှုကို ရွေးချယ်သုံးစွဲသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါသည်။ ဤစည်းကမ်းသတ်မှတ်ချက်များသည် လူကြီးမင်း (သို့မဟုတ် သုံးစွဲသူ)နှုင့် မြန်မာနင်ငံ၏ဥပဒေများနှင့်အညီ မှတ်ပုံတင်၍ မှတ်ပုံတင်အမှတ် (၁၈၄၆၇၆၉၆၆) ဖြင့် အမှတ် (၄၀)၊ စက်မှု(၁)လမ်း၊ ဗဟန်းမြို့နယ် ရန်ကုန်မြို့လိပ်စာဖြင့် ဖွဲ့စည်းတည်ထောင်ထားရှိသော Telenor Myanmar Ltd.(သို့မဟုတ် Telenor )တို့ကြားတွင် တရားဝင်အတည်ဖြစ်၍ လိုက်နာရန်လိုအပ်သည့် သဘောတူညီချက်ဖြစ်သည်။ Telenor ၏ မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှုအား သုံးစွဲခြင်းဖြင့် သို့မဟုတ် ပေးချေခြင်းဖြင့် လူကြီးမင်းသည် (၁၈)နှစ်ပြည့်ပြီးသူဖြစ်ကြောင်း နှင့် ဤစည်းကမ်းသတ်မှတ်ချက်များကို ဖတ်ရှုနားလည် ပြီးဖြစ်ကြောင်းကို ကိုယ်စားပြုရာရောက်ပါသည်။

အကျုံးဝင်သည့် ၀န်ဆောင်မှုများ

  • ဤသဘောတူညီချက်အားရည်ရွယ်၍ "၀န်ဆောင်မှု" ဆိုသည်မှာ အင်တာနက်ကို လူကြီးမင်းဝင်ရောက်ရယူနိုင်ရန် သို့မဟုတ် သုံးစွဲနိုင်စေရန်အတွက် လူကြီးမငအား (Telenor ၏ တရားဝင်အဖွဲ့အစည်း) များမှပေးအပ်လျက်ရှိသော အင်တာနက်ဝန်ဆောင်မှုကို ဆိုလိုပါသည်။
  • ၀န်ဆောင်မှုကို လွှမ်းခြံုမှုရှိသော အချို့သော ဧရိယာတို့တွင်သာလျှင် ၀န်ဆောင်မှုကို ရရှိနိုင်ပါမည်။
  • သို့ရာတွင် မည်သည့် ပထဝီ အနေအထားတွင်မဆို ၀န်ဆောင်မှုကို မရရှိနိုင်ခြင်းကြောင့် လူကြီးမင်းတို့၏ မည်သည့် ဆုံးရှုံးနစ်နာမှုအတွက်မဆို Telenor တွင် ပေးရန်တာဝန်မရှိစေရပါ။
  • Telenor မှ တိုက်ရိုက်သော်လည်းကောင်း သို့မဟုတ် Telenor မှ ခန့်အပ်ထားသော ကိုယ်စားလှယ်များ သို့မဟုတ် တဆင့်ခံ ကန်ထရိုက်တာများမှ တဆင့်သော်လည်းကောင်း ၀န်ဆောင်မှုကိုပေးအပ်ပါမည်။
  • Telenor သည် ၀န်ဆောင်မှုကို ပေးအပ်ရုံမျှသာဖြစ်၍ ၀န်ဆောင်မှုသုံးစွဲရာတွင် လူကြီးမင်းကြံုတွေ့ရသော မည်သို့သောပါ၀င်အကြောင်းအရာ သို့မဟုတ် ကျသင့်သည့် ကောက်ခံမှုတို့နှင့်သက်ဆိုင်သော ကိစ္စရပ်များတွင် တာဝန်တစ်စုံတစ်ရာမရှိပါ။
  • Telenor နှင့် ကြိုတင် သဘောတူညီချက်ရရှိထားခြင်း မရှိဘဲ လူကြီးမင်းအနေဖြင့် ၀န်ဆောင်မှုကို အလုံးစုံ သို့မဟုတ် မည်သည့် တစ်စိတ်တစ်ပိုင်းအားဖြင့် ပြန်လည်ရောင်းချခြင်း မပြုရသည့်အပြင် ၀န်ဆောင်မှုအား ထပ်ဆင့်ထုတ်လွှင့်ခြင်း သို့မဟုတ် အခြားတစ်ပါးသူ တစ်ဦးဦးသို့ ၀န်ဆောင်မှုပေးအပ်ခြင်း တို့ကို မပြုလုပ်ရပါ။
  • ၀န်ဆောင်မှုများကို ပေးအပ်ရာတွင် အထောက်အကူဖြစ်စေနိုင်ခြင်းငှာ ပုံမှန်အားဖြင့် လိုအပ်သည့် Telenor ၏ ပစ္စည်းကိရိယာများအတွက် ထိန်းသိမ်းစောင့်ရှောက်ပေးသည့် ၀န်ဆောင်မှု မျိုးကိုမူ Telenor က ပေးအပ်သွားမည်။

လူကြီးမင်းတို့၏ ပစ္စည်းကိရိယာ

  • ၀န်ဆောင်မှုကို လူကြီးမင်းလက်ခံရရှိ သုံးစွဲနိုင်ရန်အလို့ငှာ လိုအပ်သော လူကြီးမင်းပစ္စည်းကိရိယာ (မည်သည့် ကွန်ပြူတာနှင့် ပစ္စည်းကိရိယာမဆို အပါအဝင်)များ၏ အနည်းဆုံး နည်းစနစ်လိုအပ်ချက်နှင့် ပြည့်မီမှုရှိစေရန်မှာ လူကြီးမင်း၏တာဝန်ပင်ဖြစ်သည်။ လူကြီးမင်းတို့ပစ္စည်း ကိရိယာများ၏ အနည်းဆုံး နည်းစနစ်လိုအပ်ချက်ကို ပြည့်မီမှုမရှိခြင်းကြောင့် လူကြီးမင်း၏ဆုံးရှုံးမှုများကို လည်းကောင်း သို့မဟုတ် မိမိ၏ ပစ္စည်းကိရိယာများကို အဆင့်တိုးမြှင့်ရာတွင် လူကြီးမင်းအနေဖြင့် ကုန်ကျသော စရိတ်အတွက်သော်လည်းကောင်း Telenor အနေဖြင့် ပေးရန်တာဝန်မရှိစေရပါ။

Telenor ၏ ပစ္စည်းကိရိယာ

  • Telenor ၏ ပစ္စည်းကိရိယာဟုဆိုရာတွင် လူကြီးမင်းတို့အား ၀န်ဆောင်မှုကို ၀င်ရောက် ရယူနိုင်အောင် စွမ်းဆောင်ပေးရန် Telenorမှ လူကြီးမင်းတို့နေရာ၊ အဆောက်အအုံတွင် တပ်ဆင်ထားပေးသော မည်သည့် ပစ္စည်းကိရိယာ(မည်သို့သော router မဆို အပါအဝင်)တို့ကိုမဆို ဆိုလိုပါသည်(Telenor Equipment)။ Telenor ၏ ပစ္စည်းကိရိယာများကို Telenor သည်သာလျှင်ပိုင်ဆိုင်ခွင့်ရှိပြီး ၀န်ဆောင်မှုကို သုံးစွဲခြင်း သို့မဟုတ် ၀င်ရောက်ရယူခြင်းအတွက်မျှသာလျှင် လူကြီးမင်းအားခွင့်ပြုပေးထားခြင်းဖြစ်ပါသည်။
  • Telenor၏ ပစ္စည်းကိရိယာကို အခါအားလျော်စွာ ပြောင်းလဲနိုင်ခွင့် Telenor ကရရှိထားပြီးသည့်အပြင် ဤစည်းကမ်းသတ်မှတ်ချက်များကို ရပ်စဲခဲ့ပါက Telenor၏ ပစ္စည်းကိရိယာကို ဖြုတ်ချပိုင်ခွင့်လည်း ရှိပါသည်။ အကယ်၍ Telenor၏ ပစ္စည်းကိရိယာများသည် လူကြီးမင်းကြောင့် ချွတ်ယွင်းပျက်စီးခြင်း သို့မဟုတ် ပျောက်ဆုံးခြင်းဖြစ်သည့်အခါတွင် Telenor၏ ပစ္စည်းကိရိယာ၏ တန်းဖိုးအား ပြန်လည်ပေးလျော်ရန် လူကြီးမင်းမှတာဝန်ယူရမည်ဖြစ်သည်။
  • ဝန်ဆောင်မှုပေးရန် တပ်ဆင်သည့် ကိရိယာပစ္စည်းများသည် TML ပိုင်ဆိုင်သည့် ပစ္စည်းများဖြစ်ပြီး၊တယ်လီနော Broadband ဝန်ဆောင်မှုအား ဆက်လက်အသုံးမြ့ပုရန် အသုံးပြုသူက ဆုံးဖြတ်ပါက TML ထံပြန်လည်လွဲအပ်ရမည်။

၀န်ဆောင်မှု အတွက် ကောက်ခံမည့်အဖိုးအခများ

  • ၀န်ဆောင်မှု ကမ်းလှမ်းချက် (Service Quote) တွင် သတ်မှတ်ဖေါ်ပြထားသော ၀န်ဆောင်မှုများအတွက် (သက်ဆိုင်ရာ စီစဉ်ဆောင်ရွက်ခ၊ တပ်ဆင်ခ၊ လစဉ်ကြေး/ သတ်မှတ်နှုန်းထားများနှင့် ပစ္စည်းကိရိယာကြေးများအပါအဝင်) ယင်းကဲ့သို့သော အဖိုးအခများကို လူကြီးမင်းက ပေးချေရပါမည်။
  • ကျသင့်ကောက်ခံလွှာကို လူကြီးမင်းတို့ထံသို့ Telenorက လစဉ်ပေးပို့ပါမည်။ ယင်းကျသင့် ကောက်ခံလွှာတွင် ပေးချေရမည်ဟု သတ်မှတ်ဖေါ်ပြထားသည့် နေ့ရက်တွင် အပြည့်အဝပေးချေရပါမည်။ အခြားတနည်းအားဖြင့် ကြိုတင်ငွေဖြည့်တင်းနိုင်သည့် စနစ်ဖြင့်လည်းရရှိနိုင်ပါမည်။ ဤစနစ်ဖြင့် ငွေဖြည့်တင်းရာတွင် Telenor မှ အခါအားလျှော်စွာ သတ်မှတ်ထုတ်ပြန်ထားသော နည်းလမ်းများကို ကျင့်သုံး၍ ဆောင်ရွက်နိုင်ပါသည်။ ၀န်ဆောင်မှုကိုသုံးစွဲသည့်အလျောက် ဖြည့်တင်းထားသော ပမာဏမှာ လျော့နည်းသွားပါမည်။ ဤသဘောတူညီမှုအောက်တွင် ကျသင့်သည့် မြန်မာနိုင်ငံ၏ပြည်တွင်း အခွန်အခများအားလုံးကို ပေးချေရန် လူကြီးမင်းအနေဖြင့် သဘောတူညီမှုရှိပါသည်။ ငွေသားဖြင့် ပေးချေခြင်းပြုနိုင်မည့် နည်းလမ်းများကိုလည်း Telenor ကကမ်းလှမ်းထားရှိပါသည်။
  • ၀န်ဆောင်မှုအတွက် ကောက်ခံသောအဖိုးအခ သို့မဟုတ် နှုန်းထားများနှင့်စပ်လျဉ်း၍ Telenorမှ မိမိတစ်ဦးတည်း ဆုံးဖြတ်၍ မည်သည့်အချိန်တွင်မဆို ယင်းတို့ကို ပြင်ဆင်ခြင်း သို့မဟုတ် ပြောင်းလဲသတ်မှတ်ခြင်းတို့ကို ပြုလုပ်နိုင်ခွင့်ကိုရရှိထားပါသည်။ အကယ်၍ တစ်စုံတစ်ရာ ပြင်ဆင်ခြင်း သို့မဟုတ် ပြောင်လဲခြင်းတို့ရှိပါက Telenor က ယင်းတို့ကို လူကြီးမင်းတို့ထံသို့ သင့်တင့်သော နည်းလမ်းဖြင့်တစ်ပတ်တိတိကြိုတင်၍ အကြောင်းကြားခြင်းပြုမည်ဖြစ်ပါသည်။ အကယ်၍ Telenor၏ ပြင်ဆင်ပြောင်းလဲမှုများကို လူကြီးမင်းတို့အနေဖြင့် လက်ခံနိုင်ခြင်းမရှိပါက Telenorအားအကြောင်းကြား၍ ၀န်ဆောင်မှုသုံးစွဲခြင်းကို ရပ်စဲနိုင်ပါသည်။
  • ဘေလ်ပေးဆောင်ရန် သတ်မှတ်ထားသောနောက်ဆုံးရက်အထိပေးဆောင်ခြင်းမရှိပါက၊ လူကြီးမင်း၏အင်တာနက်လိုင်းအားခေတ္တယာယီဆိုင်းငံ့လိမ့်မည်ဖြစ်ပါသည်။
  • လူကြီးမင်း၏အင်တာနက်လိုင်းအားခေတ္တယာယီဆိုင်းငံ့ခြင်းကာလသည် ရက်၉၀အထိကျော်လွန်သွားပါက၊ အင်တာနက်လိုင်းသည် အလိုအလျောက်ရပ်ဆိုင်းသွားမည်ဖြစ်ပါသည်။ လူကြီးမင်း၏ subscription/အော်ဒါနံပါတ်အား systemမှ အလိုအလျောက်ပယ်ဖျက်သွားမည်ဖစ်ပါသည်။
  • ဝန်ဆောင်မှုအားပန်လည်အသုံးပြုလိုပါက https://broadband.telenor.com.mmတွင် ဝန်ဆောင်မှုအား အသုံးပြုရန်အာ်ဒါအသစ်ပြန်လည်တင်ပေးရပါမည်။
  • သုံးစွဲသူ၏ အမှားကြောင့် အင်တာနက်အသုံးပြု၍မရပါက၊ သုံးစွဲသူသည် လာရောက်ပြန်လည်ပြင်ဆင်မှုအတွက် ကျသင့်ငွေအား တယ်လီနော၏ technical team (သို့) တယ်လီနောမှ ခန့်အပ်ထားသော subcontractors (သို့) agents သို့ပေးဆောင်ကောင်းပေးရပါလိမ့်မည် (ကေဘယ်လ်ကြိုး ပျက်စီးမှု၊ rotuer ပျက်စီးမှု၊ ကေဘယ်လ်ကြိုးလျော့ရဲမှု၊ စသည်ဖြင့်)။

Telenor ၏ ပစ္စည်းကိရိယာများကို တပ်ဆင်ခြင်း

  • လူကြီးမင်း၏ ဝန်ဆောင်မှုကိုအသုံးပြုရန် စာရင်းသွင်းခြင်းအတွက် ငွေပေးချေပြီးသည်နှင့်် Telenor၏ ပစ္စည်းကိရိယာများကို တပ်ဆင်ခြင်းအတွက် ရက်ချိန်းပြုလုပ်ရန် customersအား ရုံးဖွင့်ရက်(၂)ရက်အတွင်း ဆက်သွယ်ပါလိမ့်မည်။ လူကြီးမင်းတို့အနေဖြင့် တပ်ဆင်မည့် နေ့ရက်နှင့်အချိန်တို့ကို ပြင်ဆင်ချိန်ဆိုခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုလုပ်လိုပါက ချိန်းဆိုသည့်နေ့ရက်မတိုင်မှီ ရုံးဖွင့်ရက်(၂)ရက်အတွင်း(၂)ရက်ကြိုတင်အကြာင်းကြားရမည်။ Telenor၏ ပစ္စည်းကိရိယာများကို တပ်ဆင်ခြင်းသည် (၄)နာရီနီးပါခန့် ကြာမြင့်နိုင်ပါသည်။
  • Telenor၏ ပစ္စည်းကိရိယာများကို တပ်ဆင်ရန်၊ ပြုပြင်ထိန်းသိမ်းရန်၊ စစ်ဆေးရန်၊ ပြင်ဆင်ရန် နှင့် ဖြုတ်ချခြင်းတို့ပြုရန်အတွက် Telenor နှင့် ၄င်းတို့၏ ၀န်ထမ်းများ၊ တဆင့်ခံကန်ထရိုက်တာများ နှင့် ကိုယ်စာလှယ်များကို လူကြီးမင်း၏အဆောက်အအုံအတွင်းသို့ ၀င်ရောက်ခြင်းအတွက် လူကြီးမင်းမှခွင့်ပြု ထားပြီး ဖြစ်ပါသည်။ အကယ်၍ လူကြီးမင်းသည် အဆောက်အအုံ၏ ပိုင်ရှင်မဟုတ်ပါက ပိုင်ရှင်အမည်၊ နေရပ်လိပ်စာတို့ကို Telenorအား ပေးအပ်ရမည့်ပြင် လူကြီးမင်းသည် ထိုသို့ခွင့်ပြုပေးနိုင်ရန် အခွင့်အာဏာရရှိထားသူဖြစ်ကြောင်း သက်သေအထောက်အထားများကို ပေးအပ်ရမည်။ အကယ်၍ Telenor ကတောင်းခံခဲ့ပါက ပိုင်ရှင်မှလည်း သဘောတူညီကြောင်းကို စာဖြင့်ရေးသား ပေးအပ်ရမည်။ အဆောက်အအုံတွင် ပြောင်းလဲပြင်ဆင်ခြင်းများ၊ လိုအပ်သော နေရာတွင်drillဖေါက်ခြင်းများကို (အကယ်၍ တစ်စုံတစ်ရာလိုအပ်ခဲ့ပါက) ပြုလုပ်ရန် လူကြီးမင်းအနေဖြင့် Telenor အား ခွင့်ပြုရပါမည်။
  • Telenor၏ ပစ္စည်းကိရိယာများကို တပ်ဆင်သည့် ကာလအတောအတွင်း လူကြီးမင်း သို့မဟုတ် အသက်(၁၈)နှစ်ပြည့်ပြီးသော လူကြီးမင်းမှခွင့်ပြုထားသူ တစ်ဦးဦးသည် အဆောက်အအုံ အတွင်းတွင်ရှိနေရပါမည်။ အကယ်၍ လူကြီးမင်း သို့မဟုတ် လူကြီးမင်းမှခွင့်ပြုထားသူ တစ်ဦးဦးသည် အဆောက်အအုံအတွင်းတွင် ယင်းကဲ့သို့ရှိမနေသည့် ကိစ္စရပ်တွင် တပ်ဆင်ခြင်းကို ဆက်လက်ဆောင်ရွက်နိုင်မည် မဟုတ်ပါ။ ထပ