Telenor အိမ်သုံးဖိုင်ဘာ အင်တာနက် ဝန်ဆောင်မှု၏ စည်းကမ်းသတ်မှတ်ချက်များ

လူကြီးမင်းတို့၏ အင်တာနက်လိုအပ်ချက်အတွက် Telenor ၏ မြန်နှုန်းမြင့် Broadband အင်တာနက် ၀န်ဆောင်မှုကို ရွေးချယ်သုံးစွဲသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါသည်။ ဤစည်းကမ်းသတ်မှတ်ချက်များသည် လူကြီးမင်း (သို့မဟုတ် သုံးစွဲသူ)နှုင့် မြန်မာနင်ငံ၏ဥပဒေများနှင့်အညီ မှတ်ပုံတင်၍ မှတ်ပုံတင်အမှတ် (၁၈၄၆၇၆၉၆၆) ဖြင့် အမှတ် (၄၀)၊ စက်မှု(၁)လမ်း၊ ဗဟန်းမြို့နယ် ရန်ကုန်မြို့လိပ်စာဖြင့် ဖွဲ့စည်းတည်ထောင်ထားရှိသော Telenor Myanmar Ltd.(သို့မဟုတ် Telenor )တို့ကြားတွင် တရားဝင်အတည်ဖြစ်၍ လိုက်နာရန်လိုအပ်သည့် သဘောတူညီချက်ဖြစ်သည်။ Telenor ၏ မြန်နှုန်းမြင့် အင်တာနက်ဝန်ဆောင်မှုအား သုံးစွဲခြင်းဖြင့် သို့မဟုတ် ပေးချေခြင်းဖြင့် လူကြီးမင်းသည် (၁၈)နှစ်ပြည့်ပြီးသူဖြစ်ကြောင်း နှင့် ဤစည်းကမ်းသတ်မှတ်ချက်များကို ဖတ်ရှုနားလည် ပြီးဖြစ်ကြောင်းကို ကိုယ်စားပြုရာရောက်ပါသည်။

အကျုံးဝင်သည့် ၀န်ဆောင်မှုများ

  • ဤသဘောတူညီချက်အားရည်ရွယ်၍ "၀န်ဆောင်မှု" ဆိုသည်မှာ အင်တာနက်ကို လူကြီးမင်းဝင်ရောက်ရယူနိုင်ရန် သို့မဟုတ် သုံးစွဲနိုင်စေရန်အတွက် လူကြီးမငအား (Telenor ၏ တရားဝင်အဖွဲ့အစည်း) များမှပေးအပ်လျက်ရှိသော အင်တာနက်ဝန်ဆောင်မှုကို ဆိုလိုပါသည်။
  • ၀န်ဆောင်မှုကို လွှမ်းခြံုမှုရှိသော အချို့သော ဧရိယာတို့တွင်သာလျှင် ၀န်ဆောင်မှုကို ရရှိနိုင်ပါမည်။
  • သို့ရာတွင် မည်သည့် ပထဝီ အနေအထားတွင်မဆို ၀န်ဆောင်မှုကို မရရှိနိုင်ခြင်းကြောင့် လူကြီးမင်းတို့၏ မည်သည့် ဆုံးရှုံးနစ်နာမှုအတွက်မဆို Telenor တွင် ပေးရန်တာဝန်မရှိစေရပါ။
  • Telenor မှ တိုက်ရိုက်သော်လည်းကောင်း သို့မဟုတ် Telenor မှ ခန့်အပ်ထားသော ကိုယ်စားလှယ်များ သို့မဟုတ် တဆင့်ခံ ကန်ထရိုက်တာများမှ တဆင့်သော်လည်းကောင်း ၀န်ဆောင်မှုကိုပေးအပ်ပါမည်။
  • Telenor သည် ၀န်ဆောင်မှုကို ပေးအပ်ရုံမျှသာဖြစ်၍ ၀န်ဆောင်မှုသုံးစွဲရာတွင် လူကြီးမင်းကြံုတွေ့ရသော မည်သို့သောပါ၀င်အကြောင်းအရာ သို့မဟုတ် ကျသင့်သည့် ကောက်ခံမှုတို့နှင့်သက်ဆိုင်သော ကိစ္စရပ်များတွင် တာဝန်တစ်စုံတစ်ရာမရှိပါ။
  • Telenor နှင့် ကြိုတင် သဘောတူညီချက်ရရှိထားခြင်း မရှိဘဲ လူကြီးမင်းအနေဖြင့် ၀န်ဆောင်မှုကို အလုံးစုံ သို့မဟုတ် မည်သည့် တစ်စိတ်တစ်ပိုင်းအားဖြင့် ပြန်လည်ရောင်းချခြင်း မပြုရသည့်အပြင် ၀န်ဆောင်မှုအား ထပ်ဆင့်ထုတ်လွှင့်ခြင်း သို့မဟုတ် အခြားတစ်ပါးသူ တစ်ဦးဦးသို့ ၀န်ဆောင်မှုပေးအပ်ခြင်း တို့ကို မပြုလုပ်ရပါ။
  • ၀န်ဆောင်မှုများကို ပေးအပ်ရာတွင် အထောက်အကူဖြစ်စေနိုင်ခြင်းငှာ ပုံမှန်အားဖြင့် လိုအပ်သည့် Telenor ၏ ပစ္စည်းကိရိယာများအတွက် ထိန်းသိမ်းစောင့်ရှောက်ပေးသည့် ၀န်ဆောင်မှု မျိုးကိုမူ Telenor က ပေးအပ်သွားမည်။

လူကြီးမင်းတို့၏ ပစ္စည်းကိရိယာ

  • ၀န်ဆောင်မှုကို လူကြီးမင်းလက်ခံရရှိ သုံးစွဲနိုင်ရန်အလို့ငှာ လိုအပ်သော လူကြီးမင်းပစ္စည်းကိရိယာ (မည်သည့် ကွန်ပြူတာနှင့် ပစ္စည်းကိရိယာမဆို အပါအဝင်)များ၏ အနည်းဆုံး နည်းစနစ်လိုအပ်ချက်နှင့် ပြည့်မီမှုရှိစေရန်မှာ လူကြီးမင်း၏တာဝန်ပင်ဖြစ်သည်။ လူကြီးမင်းတို့ပစ္စည်း ကိရိယာများ၏ အနည်းဆုံး နည်းစနစ်လိုအပ်ခ